Sunday, October 2, 2016

MOMENTUM

Momentum ဆိုတဲ့ သဘာဝအကြောင်းသိဖို့နဲနဲတော့ နားလည်သင့်တာလေးတွေရှိမယ်ထင်တယ်။
momentum ဆိုတာ အဟုန်ကိုဟြေတာ။
အဟုန်
အဟုန် ဆိုတာ ဘာလဲ။
တည်ငြိမ်နေတဲ့ရေပြင်ပေါ်ကို တူညီတဲ့ အလျှင် velocity ရှိကြတဲ့  သစ်ရွက်လေးတစ်ရွက်နဲ့ သစ်ရွက်ထက်ပိုလေးတဲ့ အုတ်ခဲတစ်လုံးတို့ဟာ တစ်နေရာထဲကို ကျလာတယ်ဆိုပြီး စဉ်းစားကြည့်ကြပါစို့။
ပထမဆုံး သစ်ရွက်တစ်ရွက် ကျလာမယ်။
အဲဒီရေပြင်ဟာ အနည်းနဲ့အများတော့ လှုပ်ခတ်သွားလိမ့်မယ်။
အဲဒီလှုပ်ခတ်မှုဟာ ဘယ်သူ့ကြောင့်လဲဆိုတာ အထွေအထူးဟြေစရာမလိုဘူးပေါ့။
ဒါပေမယ့် ရေပြင်လှုပ်ရှားမှုဟာ သစ်ရွက်ကြောင့် ဖြစ်တာ ဖြစ်တဲ့အတွက် အနည်းငယ်လောက်ပဲ လှုပ်ရှားလာနိုင်တယ်။
ဒါဟာ သစ်ရွက်က ဖြစ်ပေါ်လာတဲ့ အဟုန်ဟာ ရေပြင်ကို ရောက်ရှိ ကူးစက်သွားတာပဲ။
ဒါပေမယ့် သစ်ရွက်နေရာမှာ သစ်ရွက်မဟုတ်ခဲ့ရင်
သစ်ရွက်ထက်ပိုလေးတဲ့ အုတ်ခဲတစ်လုံးဖြစ်နေမယ်ဆိုရင်
ရေပြင်ဟာ ပိုပြီး လှုပ်ရှားလာမယ်။
ဒီနေရာမှာ အလျှင်ချင်းတူပါရက်နဲ့  ဘာကြောင့်ရေပြင်လှုပ်ရှားတာခြင်း မတူရတာလဲ။
ကျောက်ခဲကြောင့် ရေပြင် လှုပ်ရှားတာက ပိုလာတာဘာကြောင့်လဲ။
လွယ်ပါတယ်။
ဒြပ်ထုဆိုတဲ့ ပမာဏ တစ်ခု မတူညီတဲ့အတွက်ပါ။

ဒါဆို momentum မှာ အလျှင် velocity ချင်းတူရင်
mass ဆိုတဲ့ ပမာဏက ပိုပြီး အရေးပါတယ်။
အဓိက ကျပါတယ်။

ဒါက ပထမ အပိုင်း ကို ဟြေတာပါ။

ဒုတိယအနေနဲ့ဟြေချင်တာက ……
mass ဒြပ်ထုတွေတော့ တူနေပါတယ်။
အလျှင်ဆိုတဲ့ velocity ချင်းမတူခဲ့ရင် ဘယ်ဟာကပိုပြီးအရေးပါမလဲဆိုတာပါပဲ။
ပထမ ဒြပ်ထုဟာ အလျှင် ပမာဏ ၅ ရှိမယ်။
ဒုတိယ ဒြပ်ထုဟာ အလျှင် ပမာဏ ၁၀ ရှိမယ်။
အဲဒီနှစ်ခုကို ဖော်ပြထားတဲ့အလျှင်တွေအတိုင်း ရေပြင်ထဲကို ပစ်ချကြည့်လိုက်မယ်။
အလျှင်နှစ်ခု မတူတာဖြစ်တဲ့အတွက် ဒုတိယဒြပ်ထုရဲ့ အဟုန်ဟာ
ပိုများတယ်။
ဒုတိယ ဒြပ်ထုကြောင့် ရေပြင်ဟာ ပို လှုပ်ရှားမယ်။
ဒါ့ကြောင့် ဒြပ်ထုတူခဲ့ရင် အလျှင်က ပိုပြီး အဓိက ကျမယ်။

နောက်ဆုံးတစ်ခုအနေနဲ့တော့
ဒြပ်ထုတွေလဲ မတူဘူး အလျှင်နှစ်ခုကလဲ ကွာခြားနေတဲ့ အကြောင်းကိုလေ့လာကြည့်မှာ။
ဒြပ်ထု တစ် သည် ဒြပ်ထု နှစ် ထက်ကြီးမယ်။
ဒါပေမယ့် ဒြပ်ထု နှစ်ရဲ့  အလျှင်သည် ဒြပ်ထု တစ် ထက် အဆပေါင်းများစွာ မြန်နေမယ်။
ဒြပ်ထု တစ် ဟာ မူလနေရာကနေ အရင်စထွက်လာမယ်။
ဒြပ်ထု နှစ် ဟာ မူလနေရာကနေ နောက်ကျပြီးမှ ထွက်လာမယ်။
ဒီဒြပ်ထုနှစ်ခုကို မျက်နှာချင်ဆိုင်( ဒြပ်ထု တစ်ခုဆီကို ကျန်ဒြပ်ထုတစ်ခုက လာနေမယ်) ဆိုပါစို့။
ဒြပ်ထုနှစ်ဟာ ဘယ်လောက်ပင် သေးငယ်နေပါစေ။
သူ့ရဲ့  အလွန်လျှင်မြန်သော velocity ကြောင့်
ဒြပ်ထု တစ် ကို မူလနေရာ မရောက်မီမှာ ရပ်တန့်နိုင်ခဲ့ပါလိမ့်မယ်။
ဥပမာ အနေနဲ့ ကျားတစ်ကောင်ကို သေနတ်ကျည်ဆံ ထိမှန်တဲ့ သဘောကို ယူဆကြည့်ပါ။

ဒါ့ကြောင့် အဟုန်အတွက် velocity သည် မဖြစ်မနေ အလွန်အရေးပါလှပါကြောင်းးးးးးးး

အော် ကျန်နေသေးတယ်
အဟုန် = p
ဒြပ်ထု = m
အလျှင် = v
p  =m v



ပညာPosted via Blogaway

အဆင်ပြေပါတယ်နော်

Physics ဘာသာရပ်အတွက် လုပ်ကြည့်တာ
အဆင်ပြေမပြေ ကြည့်ရဦးမယ်

Yes

ဒါပဲလား

မင်္ဂလာပါ

အားလုံး မင်္ဂလာပါ

Hello!

My Name Is Zero!